ရည်ရွယ်ချက်

ဤ Website ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်း၊ ပြည်ပရှိ ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အခြားလေ့လာလိုသူများအတွက် အထောက်အကူပြုစေရန်ဖြစ်ပြီး၊  ၎င်းတို့အတွက် လေ့လာသင်ကြားမှုတွင် အခက်အခဲမရှိစေရန် မိမိစုဆောင်းထားသော ဘာသာရပ်နှင့်နည်းပညာဆိုင်ရာ စာအုပ်များ၊ အခြားလေ့လာသင့်သောစာအုပ်၊ စာပေများ၊ ဗဟုသုတရရှိနိုင်သောစာအုပ်များ၊ မဂ္ဂဇင်းနှင့် ဂျာနယ်များအပြင်၊ Audio၊ Vedio  လေ့ကျင့်ခန်းများနှင့်အတူ ကဏ္ဍအမျိုးမျိုးမှ ဘာသာရပ်မျိုးစုံ၏ ဆွေးနွေးချက်များ၊ မှတ်စုများနှင့် စာတမ်းများကိုသာမက အခြားအထောက်အကူပြုစေနိုင်သော Website များကိုပါ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ရုရှားဘာသာတို့ဖြင့် စုဆည်းတင်ပြထားခြင်း ဖြစ်ပါတယ်။

သတိပေးခြင်း

ဤ Website သည် ပညာရေး တိုးတက်စေရန်အလိုငှာ အဓိကထားပြီး၊ အခြားဗဟုသုတ ရရှိစေရန်အတွက် ရည်ရွယ်ထားပါသဖြင့် အခြားမသက်ဆိုင်သော အကြောင်းအရာများနှင့် အချက်အလက်များ တင်ပြခြင်း၊ ဆွေးနွေးပြောဆိုခြင်းများ မပြုလုပ်ရန် သတိပေးချင်ပါတယ်။

မေတ္တာရပ်ခံချက်

ဤ Website ကို လာရောက်ဖတ်ရှုသူများအနေဖြင့် Website နှင့် ပတ်သတ်၍ မိမိတို့၏ အကြံပြုချက်များကို ရေးသားပေးပို့နိုင်ပါတယ်။ အကြံပြုတင်ပြချက်များကိုလည်း လိုအပ်သလို ဖြည့်တင်းနိုင်ရန်အတွက် အကောင်းဆုံးကြိုးစားပြီး ဆောက်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအတွက်တော့ စာဖတ်သူတို့အနေဖြင့် သည်းခံစောင့်ဆိုင်းပြီး ၀ိုင်းဝန်းကူညီပေးကြဖို့ကိုလည်း မေတ္တာရပ်ခံအပ်ပါတယ်။

ဖိတ်ခေါ်မှု

ဤ Website အနေဖြင့်သော်လည်းကောင်း၊ လာရောက်ဖတ်ရှုသူတို့၏ ဆန္ဒဖြင့် သော်လည်းကောင်း ပြည်တွင်း၊ ပြည်ပမှ ပညာသင်ကြားနေသူများနှင့် လေ့လာလိုသူများအား အထောက်အကူဖြစ်စေရန် မျှဝေးပေးတယ်ဆိုရင်ဖြင့် အထူးကျေးဇူးတင်နေမှာပါ။ အများအကျိုးကို ရည်ရွယ်ပြီး၊ ပညာဒါနပြုချင်တဲ့ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေကို အကောင်အထည် ပေါ်စေရန် စာဖတ်သူများအနေဖြင့် မိမိတို့မှာရှိတဲ့ စာအုပ်စာတမ်းများနှင့် အခြားဗဟုသုတများကို  လက်ဆင့်ကမ်း မျှဝေပေးချင်တယ်ဆိုရင်လည်း အထူးဖိတ်ခေါ်ချင်ပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ ဗဟုသုတများကို ဝေမျှပေးချင်ရင်လည်း Blog နှင့် မှတ်စုကဏ္ဍအပြင် MOS ဂျာနယ်မှာလည်း အလျှင်သင့်သလို ဖော်ပြပေးဖို့ အစီအစဉ်ရှိပါတယ်။ ပေးပို့ချင်တယ်ဆိုရင်တော့ This e-mail address is being protected from spambots. You need JavaScript enabled to view it (သို့မဟုတ်) This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ဆက်သွယ်နိုင်ပါတယ်။

Myanmar Online Study

ပညာဒါန

လူမျိုးစုံစွာ မှီဝဲနေကြ

ဤလောက၌ ပညာဟူသည်

မရှိမဖြစ် လိုအပ်ဆုံးသော

ဆေးစွမ်းတစ်ပါး။

လူတိုင်းကိုယ်စီ  ရုန်းကန်ရင်းနဲ့

ပညာသင်ကြ မျိုးဆက်သစ်အား

အစဉ်မပြတ် ပေးနိုင်သည်ကာ

မပျောက်မပျက် တန်ဖိုးမြတ်တဲ့

ပညာဟူသော ရတနာတစ်ပါး။

ပညာရွှေအိုး လူမခိုး

တတ်သောပညာ မနေသာဟု

ဆိုရိုးစကား ရှိခဲ့သောကြောင့်

ဆည်းပူချင်ကြ လူအများအား

ဖြန့်ဝေချင်သော် ကိုယ့်ရှိပညာ

လူတိုင်းဝေငှ ကုသိုလ်ထူးအား

စေတနာအမှန် ပြုလုပ်ခြင်းက

မြတ်သောဒါန ဖြစ်လေ၏။

(အလင်းရောင်)